Monday, September 17, 2018






BASIC MOTOCYCLE IGNITION SYSTEM
(မီးခတ်ပေး စနစ်)

အခြေခံ spark plug မှ မီးခတ်ပေးတဲ့ စနစ် တစ်ခုမှာ _

1.stator coil ( မီးပေးကွိုင် )
2.pulse coil / pick up coil ( ဖြတ်ကွိုင် )
3.magneto flywheel (သံလိုက်တုံး)
4.CDI /capacitor discharge ignitor ( လျှပ်သို )
5.ignition coil /plug coil ( ဗို့အားမြင့် ထုတ်ပေးသော ကွိုင်)
6.spark plug ( မီး ပလပ် ) .....စသည်တို့ ပါဝင်ပါတယ်။

#Stator coil - မှ ကြိုးအရောင်များကို လေ့လာကြည့်ရင် _
* နက်နီကြိုး( magneto coil/စတပ်ကွိုင် မှ အထွက်ကြိုး)
(ac cdi အား ပါဝါ ပေးရန် )
* ပြာဖြူကြိုး (ပါစာ ခေါ် ဖြတ်ကွိုင် မှ အထွက်ကြိုး )
*အဝါ /အဖြူ / လိမ္မော် ( ချာဂျင်ကွိုင် မှ အထွက်ကြိုး များ )
* အစိမ်းကြိုး(အပ်ကြိုး).ground ...တို့ ဖြစ်ပါတယ်၊၊
stator coil မှ ထုတ်ပေးသော current မှာ AC (alternating current ) ဖြစ်ပါတယ် ။

•နက်နီ ၊ ပြာဖြူ နှင့် အစိမ်း ကြိုးကတော့ AC.CDI ကို ဝင်ပေးရမယ့် ကြိုးတွေပါ ။(နက်နီကြိုးကတော့ AC CDI အား ပါဝါ ပေးရန်) ၊
DC CDI ဆိုရင်တော့ ဘက်ထရီ (သို့) ဒိုင်အုပ် မှ12v+ ပါဝါပေးရပါမယ် ။

•ဝါ ၊ ဖြူ ၊ လိမ္မော် နှင့် အစိမ်း ကြိုးကတော့ ( Rectifier Doide) ဒိုင်အုပ်ဆီကို တိုက်ရိုက်ပို့ပေးရမှာပေါ့ ၊ သံလိုက်​တုံး လည်​ပတ်​မှု​ကြောင့်​ ထွက်​လာတဲ့ AC V ကို ဒိုင်အုပ်ကနေ DC 12V+ ပြောင်းပေးလိုက်ပြီး ဘက္ထရီ ကို အားပြန်သွင်း​ပေးတာပါ၊
တခါတရံမှာ ဘက္ထရီ အားမဝင်​တာ ၊DC v ထွက်​ နည်းတာ/များတာ ​တွေဟာ သံလိုက်​တုံး ၊ ကွိုင်​ ၊ ဒိုင်​အုပ်​ နဲ့ သက်​ဆိုင်​​နေပါတယ်​ ...
(ဒါကတော့ ချာဂျင်ပိုင်း အတွက်ပါ )။

#pulse coil ရဲ့ အလုပ်ကတော့ ..
သံလိုက်တုံးဘုလေး က ပါစာကို ဖြတ်တဲ့ အချိန် (ဘု နဲ့ ပါစာ တည့်နေချိန် ) မှာ AC + လှိုင်းတိုလေး ထုတ်ပေးတာပါ ၊
ပြာဖြူကြိုးမှ ထွက်လာတဲ့ AC + လှိုင်းတိုလေးဟာ CDI ကို မီးလွှတ်တော့ ဆိုပြီး အချက်ပေးလိုက်တဲ့ သဘောပါ ၊
ပါစာကွိုင်​ ​ကောင်းတယ်​/ မ​ကောင်းဘူးဆိုတာ အလွယ်​တကူ စမ်းသပ်​ကြည့်​မယ်​ဆိုရင်​.. .....
မီတာကို DC V 0.5 စ​ကေးတွင်​ထားပြီး
ပါစာကြိုးအား အနီ​ထောက်​တံ ၊ အနက်​​ထောက်​တံအား GND တွင်​ အမှန်​ ​ထောက်​လျက်​ ပါစာဘု​လေးအား သံ​ချောင်း တစ်​ခုခုဖြင့်​ ထိလိုက်​လျှင်​ မီတာလက်​တံ အတက်​ဘက်​သို့ လှုပ်​သွားပြီး ၊
အမှား​ထောက်​ပြီး တိုင်းလျှင်​ မီတာလက်​တံ အဆင်းဘက်​သို့ လှုပ်သွား​ကြောင်း ​တွေ့ရပါလိမ့်​မယ်​........
ဒီလိုဆိုရင်​ ပါစာကွိုင်​​ ကောင်း​​နေ​သေး​ကြောင်း ယူဆနိုင်​သလို......

ohm စ​ကေး တိုင်းလိုလျှင်​---x100 မှာထားပြီး
အနီတံ နှင့်​ အနက်​တံ အား ပါစာကြိုး နှင့် GND ကို မိမိကြိုက်​သလို​ထောက်​လိုက်​ပါက မီတာလက်​တံသည်
ohm စ​ကေး 1 နှင့် 2 ကြား ပြ​နေလျင်​ ​ပါစာကွိုင်​ ​ကောင်းတယ်​ ​ဟု ယူဆနိုင်​ပါတယ်​ ။ ohm စ​ကေး 1 ​အောက်​ ​ပြ​နေလျှင်​ လဲလှယ်​​ပေးသင့်​ပါတယ်...။

#CDI ကို အကြမ်းအားဖြင့်
AC CDI (stator coil မှ ac ပါဝါ အရင်းအမြစ် ရယူ) နှင့်
DC CDI (ဘက်ထရီ (သို့) ဒိုင်အုပ် မှ dc 12 v+ ပါဝါ ရယူ )ဆိုပြီး သိထားသင့်ပါတယ် ၊
CDI ရဲ့ အလုပ် ကတော့ ....
သံလိုက်တုံး တပတ်လည်ပြီး ထွက်လာတဲ့ AC မီးအားကို သိုလှောင်ထား ပြီး pulse coil ကနေ AC + လှိုင်းတိုလေး နဲ့ အချက်ပေးတော့မှ CDI ထဲမှာ အောင်းထားတဲ့ AC v + မီးအား ကို Ignition Coil ထဲသို့ ပြန်လွှတ်ပေးတာ ပါ ၊
အဲဒီတော့ CDI က သူ့ထဲမှာ အောင်းနေတဲ့ AC V ( 10 v နှင့်​ အထက်​ခန့် ) ကို နက်ဝါကြိုးလေး နဲ့ ပလပ်ကွိုင် ဆီ ပို့ပေးလိုက်တာပေါ့ ၊

#Magneto Flywheel (သံလိုက်တုံး ကတော့ stator coil မှ AC မီးအား ထွက်လာရန်အတွက် လိုအပ်တာပေါ့ ၊
ကွိုင် တစ်ခုကို သံလိုက်စက်ကွင်း စီးသွားရင် လျှပ်စစ်ဓာတ်အား ထွက်တယ်ဆိုတာ သိပြီးသားတွေပါ ...ကွိုင် အသစ်ပေမယ့် မီးထွက်နည်းတာတွေ ဟာ သံလိုက်တုံး နဲ့ လည်း မလွတ်ကင်းဘူး ဗျ ၊
၆ ထုပ်ကွိုင်ဟာ ၆ ကန့် သံလိုက်တုံး နဲ့မှ အဆင်ပြေသလို
၂ ထုပ်ကွိုင်ကတော့ ၄ ကန့် နဲ့ဆို အဆင်ပြေပါတယ် ။
( ဆရာ​​ကောင်းထက်​ပိုင်​ ရဲ့ မန့်​တစ်​ခုမှ)

#Ignition coil /Plug coil ရဲ့ အလုပ် ကတော့ ...
(Transformer)ထရမ်စဖော်မာ တစ်လုံးလိုပါပဲ ၊
CDI အထွက် နက်ဝါ ကြိုး မှ ပို့ပေးလိုက်တဲ့ AC v + ကို ပလပ်ကွိုင်မှတဆင့် AC v 15000 ~20000 v ထိ ဗို့အား မြှင့်ပြီး ထုတ်လွှတ် ပေးတာပါ...ပလပ်ကွိုင် မကောင်းရင်/ကြောင်နေရင် မီးအား ထွက်လိုက် ၊ မထွက်လိုက် ကြုံရတတ်ပါတယ်၊ မီးထွက်လည်း နည်းတတ်ပါတယ် ၊

#Spark plug (မီးပွား ပလပ် )
ဓာတ်ဆီ အင်ဂျင်ရဲ့ air-fuel mixture အရောအနှောကို compression stroke မဆုံးခင် ( TDC မရောက်ခင် 5´ ဒီဂရီ နှင့် 10´ ဒီဂရီ အကြား ) မှာ spark plug မှ မီးခတ်ပေးရပါတယ် ၊ ignition system ရဲ့ နောက်ဆုံး အရေးကြီးတဲ့ အချက်လို့လည်း ပြောလို့ရပါတယ် ၊
မီးတိုင်​မင်​ လွဲမှား​နေလျှင်​ / သံလိုက်​တုံး ကီးလိုင်း​ချော်​​နေလျှင် ပလပ်​မှ မီးထွက်​​နေ​ပေမယ့်​ အင်​ဂျင်​နိုးမရတာ​တွေ ကြုံ​တွေ့ ရတတ်​ပါတယ်​။

ပလပ်ရဲ့ အလယ်တိုင် ကို central electrode (+)ဟု ခေါ်ပြီး သရက်ရစ် အပိုင်းကိုတော့ ground electrode (-) လို့ ခေါ်ပါတယ်၊
ပလပ်ကွိုင်မှ ထွက်လာသော ဗို့အားမြင့် ဟာ central electrode ကနေ ground electrode သို့ မီးခုန်ကူး ပြီး spark plug gap အကွာအဝေး နေရာမှာ မီးပွား ဖြစ်လာတာပါ ၊

......တခါတရံမှာ ပလပ် မီးမထွက်တာတွေ ၊ မီးထွက်နည်းတာတွေ နှင့် ပလပ်မီး ထွက်လိုက် မထွက်လိုက် ဖြစ်တာတွေ ဟာ မီးခတ်ပေးတဲ့ စနစ်ရဲ့ ပါဝင်ပစ္စည်း အားလုံးနဲ့ သက်ဆိုင်နေတယ် ဆိုတာ အကြံပေးရင်း

ဆရာညီကိုများ အား ရိုသေလေးစားလျက်
#cred ပေးပါတယ် ကိုလတ် (မြင်းမူ)
အားလုံးအဆင်ပြေကြပါစေ ko zaw

No comments:

Post a Comment